ပေါက်ခေါင်း ဓမ္မသော် နဲ့ ဇီးကုန်းမှာ လောင်းကစားဝိုင်းတွေလုပ်နေလို့ ဒေသတွင်းလုံခြုံရေးစိုးရိမ်နေကြ

ဒီဇင်ဘာ ၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကော်မရှင်လက်အောက်ခံတွေကို ငွေကြေးပေးလုပ်ကိုင်နေကြတဲ့ လောင်းကစားဝိုင်းတွေများလာပြီး ဒေသခံပြည်သူတွေ လုံခြုံရေးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ ဓမ္မသော်ကျေးရွာနဲ့ ဇီးကုန်းကျေးရွာတွေမှာ လေးကောင်ဂျင်နဲ့ ကြက်ဝိုင်းတွေပြုလုပ်နေကြတာဖြစ်ပြီး ၂ လခန့်ကြာမြင့်နေပြီဖြစ်ကာ လာရောက်ကစားသူတွေ များပြားလာတဲ့အတွက် ဒေသတွင်း လုယက်မှု နဲ့ ရန်ဖြစ်ခိုးဆိုးနှိုက် လုပ်လာမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

“လောင်းကစားဝိုင်းတွေက တအားဆိုးသွမ်းနေတယ်။ တဖြေးဖြေးနဲ့ ပြဿနာကြီးထွားလာတော့မယ်။ စကစ ကို လိုင်းကြေးပေးလုပ်ကြတာပေါ့။ နောက်ဆို ခိုးဆိုးတာ၊ လုယက်၊ ရန်ဖြစ်လာမှာတွေကို စိုးရိမ်နေရတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဇီးကုန်းရွာ လောင်းကစားဝိုင်းကိုတော့ ဗိုလ်ပု က တနင်္လာ နဲ့ အင်္ဂါနေ့တွေနဲ့၊ ဓမ္မသော်ရွာ လောင်းကစားဝိုင်းကို ကြက်ပေါက်စ က စနေ၊ တနင်္ဂနွေနေ့တွေမှာ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီရွာ(၂) ရွာက လောင်းကစားဝိုင်းတွေကို လာရောက်ကစားသူ ၅၀ ခန့်ရှိနေပြီး အလားတူ ပေါက်ခေါင်းမြို့နယ် ရပ်ကွက်အချို့နဲ့ အခြားကျေးရွာတွေမှာလည်း လူမိုက်တွေက ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပြည်ခရိုင် #ပေါက်ခေါင်းမြို့နယ် #လောင်းကစားဝိုင်း #လူငယ်ရေးရာ #ထိုင်းနိုင်ငံ

You may also like these