ကံမမြို့မှာ အိမ်ပြင်မထွက် အသံတိတ်သပိတ်နဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်

ဒီဇင်ဘာ ၅၊ ၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့မြို့နယ်မှာ လာမယ့် ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်ရေးနေ့မှာ အိမ်ပြင်မထွက် အသံတိတ်သပိတ်ပြုလုပ်ကြဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်လာနေပါတယ်။

ယမန့် ဒီဇင်ဘာ ၅ ရက်နေ့ က မန္တလေး၊ စျေးချိုမှာ ဒေါက်တာတေဇာဆန်း နဲ့ သပိတ်ခေါင်းဆောင်တချို့ မြို့ပြလူထုလှုပ်ရှားမှုပြုလုပ်ပြီး နောက် ကံမမြို့မှာလည်း အခုလို နှိုးဆော်မှုတွေ ပြုလုပ်လာတာပဲဖြစ်ပါတယ်။

“သေနတ်နဲ့ထောက် မဲထည့်ခိုင်းနေတဲ့ လူယုတ်တွေ တရားဝင် လူ သတ်ခွင့်ရဖို့လုပ်တဲ့ အတုအယောင်ရွေးကောက်ကို ဆန့်ကျင်ကြ။ မမေ့နဲ့ လာမယ့် ဒီဇင်ဘာ ဆယ်ရက်နေ့ အသံတိတ်သပိတ်ကို။ သွေးမအေးနဲ့ လူယုတ်တွေရဲ့ ရက်စက်မှုကို။” လို့ We Love Kanma admin ရေးသားထားပါတယ်။

ဒီလိုလှုံ့ဆော်မှုတွေကိုတော့ ကံမမြို့နယ်သတင်းနဲ့ ဟစ်တိုင်မှာ ရေးသားဖော်ပြနေကြတာပဲဖြစ်ပါတယ်။

“ဒီဇင်ဘာဆယ်ရက် ဘာအကြောင်းနဲ့မှ အိမ်ပြင်မထွက်နဲ့။ ကံမမြို့ကလူထုဟာ စစ်အာဏာရှင်ကို အလိုမရှိဘူးဆိုတာ တထစ်ချယုံကြည်ပါတယ်။ တော်လှန်ရေးကလွဲပြီး အခြားနည်းလမ်းမရှိ။” လို့ ပေပင်မြောင်အကောင့်ကလည်း ရေးသားပါတယ်။

လာမယ့် ဒီဇင်ဘာဆယ်ရက်နေ့မှာ အိမ်ထဲကအိမ်ပြင်မထွက်ကြေး နိုင်ငံလုံးကျွတ် အသံတိတ်သပိတ် silent strike ပြုလုပ်မှာဖြစ်ပြီး မင်းအောင်လှိုင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒမပါတဲ့ အလိမ်အညာ ရွေးကောက်ပွဲဖြစ်ကြောင်း မြန်မာလူထုတစ်ရပ်လုံးဟာ ရွေးကောက်ပွဲကို အယုံအကြည်ကင်းမဲ့‌‌ကြောင်း တစ်ကမ္ဘာလုံးက သိသွားစေဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကံမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီလည်း အားကောင်းတဲ့ ဒေသတခုဖြစ်ပြီး လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ကျေးရွာဒေသတချို့ကို စိုးမိုးလှုပ်ရှားနေပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews

 

 

You may also like these