နတ်တလင်း ဒမငယ်ရွာ ထိတွေ့တိုက်ပွဲမှာ စစ်ကော်မရှင် ဗိုလ်(၁) ဦးအပါ ၁၁ ဦးသေဆုံး

PDF ရဲဘော်(၁) ဦးကျ

ဒီဇင်ဘာ ၁၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ည က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဗိုလ်(၁) ဦး အပါအဝင် (၁၁) ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ယနေ့ ဒီဇင်ဘာ ၁၆ ရက် ညမှာပဲ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကော်မရှင်ဘက်က လက်နက်ငယ် (၄)လက်နဲ့အတူ ခဲယမ်း၊ စကားပြောစက်၊ အခြားစစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်(၁) ဦးလည်း ကျဆုံးခဲ့ပြီး (၁) ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၂)၊ (၄)၊ (၆)၊ (၇)၊ တပ်ရင်းဒရုန်းတပ်ဖွဲ့၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၁)၊ Spring Bees UAV Force၊ နတ်တလင်းမြို့နယ် ပကဖ၊ ဇီးကုန်းမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်က ဒေသတွင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံသောင်းချီပြီး စစ်ရှောင်နေကြရပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပဲခူးတိုင်း #ပေါင်းတည် #ဇီးကုန်း #နတ်တလင်း #ဒမငယ် #စစ်တပ် #လေကြောင်းတိုက်ခိုက်မှု #ပြန်ကြားရေး #အမှတ်(၂)စစ်ဆင်ရေးနယ်မြေ #ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)

You may also like these