လက်ပံတန်းတိုက်ပွဲ ဒုရဲအုပ်အပါ (၁၉) ဦးသေဆုံး PDF ရဲဘော် (၁) ဦးဒဏ်ရာပြင်းထန် အသက်လုနေရ

ဒီဇင်ဘာ ၁၈၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာ က စစ်ကော်မရှင်တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်(၆) နာရီခန့်က ဒုရဲအုပ်ရဲလွင် ဦးဆောင်ပြီး တပ်စါြထားတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်တာမှာ ဒုရဲအုပ်ရဲလွင်အပါအဝင် စစ်သားနဲ့ ရဲ(၁၉) ဦး သေဆုံးပြီး (၇) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က လက်နက်(၁၂) လက်နဲ့ ခဲယမ်း၊ Equipment တွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ အတတ်နိုင်ဆုံးအကုန်ကြိုးစားနေပါတယ်။ အခက်ခဲတွေတော့ကျန်သေးတယ်။ သာယာဝတီဂဠုန်ရဲဘော်ကပါ အသတ်ကိုမနည်းကုနေရတယ်။ ကျန်းမာရေးစောင့်ရှောင်မှုက ကျနော်တို့ဆီမှာ အတော်အားနည်းတယ်။” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူတဦးက ဒို့ပြည် ကို ပြောပါတယ်။

ဒါ့အပြင်တခြား တော်လှန်ရေးရဲဘော် (၃) ဦးလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဘက်က သေဆုံးခဲ့တဲ့ ဒုရဲအုပ်ရဲလွင် ကိုတော့ လက်ပံတန်းဆေးရုံကနေ လက်ပံတန်း၊ ကံကြီးလမ်း သုဿန်မှာ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲကိုတော့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF)၊ သာယာဝတီခရိုင်တပ်ရင်း -၂(၃၈၀၂)၊ တပ်ခွဲ – ၂၊ တပ်ခွဲ -၃၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂)၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) ရဲ တပ်ရင်း – ၃

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#သာယာဝတီ #လက်ပံတန်း #စစ်ကော်မရှင် #PDF #မဟာမိတ်

You may also like these