နတ်တလင်းက စစ်ရှောင်တွေအတွက် အထည်ဆိုင်(၁) ဆိုင်လုံးကို လှူဒါန်းလိုက်တဲ့ မော်ကွန်းသစ်

နတ်တလင်းက စစ်ရှောင်တွေအတွက် အထည်ဆိုင်(၁) ဆိုင်လုံးကို လှူဒါန်းလိုက်တဲ့ မော်ကွန်းသစ်

ဒီဇင်ဘာ ၂၁၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာ(၂၀) နီးပါးက စစ်ရှောင်တွေအတွက် လိုအပ်နေတဲ့ အဝတ်အထည်အနွေးထည်တွေကို ဆိုင်(၁) ဆိုင်လုံး လှူဒါန်းလိုက်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

ဇီးကုန်းမြို့နယ် က မော်ကွန်းသစ် ကွန်ပျူတာ၊ မိတ္တူ နဲ့ ဓါတ်ပုံ၊ အထည်ဆိုင် က ရောင်းချနေတဲ့ အထည်တွေအားလုံးကို နတ်တလင်းမြို့နယ် စစ်ရှောင်တွေအတွက် လှူဒါန်း ခဲ့တာလို့ ဆိုပါတယ်။

လှူဒါန်းထားတဲ့ အဝတ်ထည်တွေရဲ့ တန်ဖိုးဟာ သိန်း(၁၀၀) ကျော်ဖိုးခန့်ရှိတယ်လို့လည်း သိရပါတယ်။

နတ်တလင်းမြို့နယ်ထဲမှာ စစ်ရှောင် ၃ သောင်းကျော်လာပြီဖြစ်ပြီး ဆောင်းရာသီဖြစ်တဲ့အတွက် တောတိုက်နဲ့ တောင်ကုန်း၊ လယ်ကွင်း ယာစပ်မှာ ဖြစ်သလိုနေနေရသူတွေအတွက် အမိုးအကာ နဲ့ အနွေးထည်၊ စောင်တွေ လိုအပ်နေတယ်လို့လည်း ကူညီနေသူတွေဆီက သိရပါတယ်။

နတ်တလင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားတာတွေနဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်ခဲ့ပြီး ဒေသခံတွေ စစ်ရှောင်နေကြရတာ တပတ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

(သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေကိုတော့ လူမှုကွန်ရက်ကနေ ကူးယူဖော်ပြထားပါတယ်။)

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#နတ်တလင်း #စစ်ရှောင် #ပဲခူးတိုင်း #ပဲခူးရိုးမ #အရေးပေါ်အကူညီ #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား #မဲဆောက်

You may also like these