ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ထဲက (၉) တန်းကျောင်းသား (၂) ဦးကို ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာပဲ နေအိမ်တွေကို ပြန်လည်ရောက်ရှိလာပြီလို့ ဒေသခံတွေ ဆီက သိရပါတယ်။
ယနေ့မှာပဲ ပန်းတောင်းမြို့နယ်၊ ကပစ(၁၆) ကနေ ပြည်မြို့ကို ပြန်လည်လွဲပြောင်းပြီး အပ်နှံလိုက်ပြီလို့ သိရပါတယ်။
“မနေ့ညက သတင်းတွေတက်လာပြီး မနက်ကျတော့ ဗိုလ်ဆိုတဲ့သူက မိသားစုတွေဆီကို ဖုန်းဆက်ပြီး ကလေးတွေကိုလာခေါ်ဖို့ပြောပြီး ကားပေါ်တင်ပေးလိုက်တာပါ။ ရိုက်တာနှက်တာတော့ မရှိဘူးတဲ့ ကျွေးမွေးထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ကလေးတွေကို မေးမရဘူး” လို့ မိသားစုတွေနဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီကလေး(၂)ယောက်ကိုတော့ အွန်လိုင်းပေါ်ကနေ အလုပ်ရမယ် တလ (၅) သိန်းရမယ်အလုပ်ဆိုပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကပစ(၁၉) ပေါက်ခေါင်း က ခေါ်ဆောင်ကာ ပြည်မြို့ မြဝတီဘဏ်အနီး ပို့ဆောင်ခဲ့ကာ ထုံးဘို ကပစ(၁၆) က လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ် လို့ သိရပါတယ်။
“မနေ့ညက ဒို့ပြည်က တင်လိုက်ပြီး မနက်ကျတော့မိသားစုကို လှမ်းဖုန်းဆက်တာ။ အသက်မပြည့်သေးတာလည်းပါတယ်။ မအလ လည်း ပြည်ကိုရောက်နေတာ။ မနက်ဖန်တော့ ကလေးတွေနဲ့ မိဘတွေကို သူတို့ကျောင်းအုပ်ကြီးက ခေါ်ထားတယ်။” လို့ ဒို့ပြည် ရဲ့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

ကလေး(၂) ဦးဖမ်းဆီးခံရတဲ့ သတင်းကို ဒို့ပြည် က စုံစမ်းသိရပြီးနောက် ယမန်နေ့ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီခွဲကျော်ခန့်က ဖော်ပြခဲ့တာဖြစ်ပြီး ဒေသတွင်းမှာ ဝေဖန်ရေးသား မျှဝေမှုတွေ ပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ပေါက်ခေါင်းမြို့နယ်၊ အနောက်ကြို့ကုန်းအထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ဒန်းတောင့်ရွာ က မောင်တင်မျိုးအောင်(၁၆ နှစ်) နဲ့ ပြည်မြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ကန်သာယာရွာက မောင်သော်ဇင်ဖြိုး(၁၆ နှစ်) တို့ဖြစ်ပါတယ်။
ဓါတ်ပုံ-ဒေသတွင်းပေးပို့
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#ပေါက်ခေါင်း #ပြည် #ပဲခူးတိုင်း #ပန်းတောင်း #ကပစ #ကလေးသူငယ်အခွင့်အရေး #ကျောင်းသား #ပညာရေး #စစ်မှုထမ်း #ထိုင်းနိုင်ငံ #မြန်မာရွေ့ပြောင်းလုပ်သား