ဒီဇင်ဘာ ၂၈၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီ၊ ပေါင်းတည် နဲ့ ပြည် အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေတယ်လို့ သိရပါတယ်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်နေတဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိ ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေက ထောင်ကကျွေးတဲ့ တနေ့တာ ထမင်းနဲ့ ဟင်းကို လုံးဝမယူကြဘဲ ဆန္ဒပြနေကြတယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတဦးက ပြောပါတယ်။
ဒါ့အပြင် တန်းဖွင့်ပေးချိန်မှာလည်း အပြင်မထွက်တာ၊ အသံမထွက်ဘဲ တိတ်ဆိတ်နေကြတာတွေနဲ့ ဆန္ဒထုတ်ဖော်ကြတယ်လို့ လည်း သိရပါတယ်။
ပြည်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ဟာလည်း ရပ်ကွက်မဲစာရင်းတွေထဲမှာ ပါဝင်နေတာမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် သရက်၊ အင်းစိန်၊ အိုးဘို၊ ဒိုက်ဦး၊ ကျိုက်မရော အကျဉ်းထောင်တွေမှာလည်း အစာအငတ်ခံဆန္ဒပြတာမှာ ပါဝင်ကြမယ်လို့လည်း သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews
#အတုအယောင်ရွေးကောက်ပွဲ #ပြည် #ပေါင်းတည် #သာယာဝတီ #အကျဉ်းထောင် #နိုင်ကျဉ်း #အစာငတ်ခံဆန္ဒပြ