ဇန်နဝါရီ ၄၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂) ပြုလုပ်ဖို့အတွက် လုံခြုံရေးယူ စစ်ကြောင်းထိုး မီးရှို့၊ ဖမ်းဆီး တာတွေလုပ်နေတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲမှာ ဇန်နဝါရီလ ၁ ရက်နေ့က နတ်တလင်းစု ဘက်ကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကြံခုတ်နေတဲ့ လုပ်သား(၄) ဦး ကို ဖမ်းဆီးစစ်ကြောင်းထိုးခဲ့တဲ့အတွက် ကင်မွန်းခြုံ၊ သေမသောက်ကျေးရွာ တွေကလည်း ဒေသခံတွေ ရှောင်တိမ်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“နတ်တလင်းက ပြည်သူ ၄ ယောက်ဖမ်းခံရတယ်။ ကြံခုတ်နေတဲ့သူတွေကို ညနေ ၃ နာရီခွဲ ၄ နာရီလောက်က ဖမ်းတယ်။ နောက် အင်ငါးခွ သကြားစက်ဘက်ကိုလည်း ဆိုင်ကယ်တွေနဲ့ ဆင်းလာတယ် အဖမ်းခံရသူတွေရှိနေတယ်။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် ဗောဓိကုန်းဘက်က ကြံခင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ဇောက်ကျေးရွာ ဘက်ကိုလည်း ဝင်ရောက်တာတွေ ပြုလုပ်နေလို့ ဒေသခံတွေရွာလုံးကျွတ် ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
“ဗောဓိကုန်းကိုဝင်တယ် ကြံခင်းတွေကို မီးရှို့တယ်။ ကြံခင်းတွေမီးရှို့တာက လောင်စာမို့လောင်အား ကောင်းပါတယ်၊ အခုကကြံခုတ်ရာသီပါ။ အိုင်ဇောက်ကိုဝင်တယ် အဲဒီအတွက် အဲရွာတွေက ထပ်ထိုးဖြစ်လာတယ် အိုင်ဇောက်၊ ကင်မွန်းခြုံ၊ သေမသောက် ရွာလုံးကျွတ်း လုံးဝရှောင်ရတယ် ချောင်းကောင်းကလည်း နည်းနည်းရှောင်ရတယ်” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
လက််ရှိမှာတော့ ပေါက်ခေါင်းမြို့နယ် ထဲမှာ စစ်ရှောင်နေရတဲ့ကျေးရွာတွေနဲ့ ဒေသခံအရည်အတွက်ကတော့ ကြို့ပင်ဝိုင် အိမ်ခြေ ၇၀၀-လူဦးရေ ၂၀၀၀၊ သဖန်းကိုင်း အိမ်ခြေ ၂၂၀- လူဦီးရေ ၉၀၀၊ မြောက်ကန် အိမ်ခြေ ၅၃-လူဦးရေ ၂၅၀၊ ဆည်ကြီးကုန်း အိမ်ခြေ ၇၅-လူဦးရေ ၄၀၀၊ မြေနီကျော အိမ်ခြေ ၃၀-လူဦးရေ ၁၂၀ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ပေါက်ခေါင်းက အတုအယောင်ရွေးကောက်ပွဲ အပိုင်း၂ လုပ်မယ့်မြို့နယ်ဖြစ်ပြီး
စစ်ကော််မရှင်စစ်တပ် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း (ကြံ့ခိုင်ရေးပါတီဒုဥက္ကဌ) ဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အနေနဲ့ ဝင်ရောက်ယှဉ် ပြိုင်မှာမို့ ကျေးရွာတွေမီးတိုက်ဖျက်ဆီးနေတာ လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကော်မရှင်က ဇန်နဝါရီလ ၁၁ ရက်နေ့မှာတော့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း၂ ကို ပြုလုပ်မှာဖြစ်ပြီး ပဲခူးတိုင်းထဲက ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညို၊ မင်းလှ မြို့နယ်တို့ ပါဝင်ပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews