ရန်ကုန်-ပြည်ကားလမ်း ကြို့ပင်ကောက်တိုက်ပွဲ စစ်တပ်ဘက်က (၇) ဦး သေဆုံးပြီးတော်လှန်ရေးရဲဘော် (၃) ဦး ကျဆုံး

ဇန်နဝါရီ ၁၃၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မှာ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်က တိုက်ပွဲဖြစ်ပြီး နှစ်ဘက်အကျအဆုံးရှိခဲ့တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းလမ်းကွင်းကျေးရွာလမ်းဆုံ၊ ရန်ကုန်-ပြည်ကားလမ်း မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က (၇) ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက ကနဦးသတင်းရရှိထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ရဲဘော်(၃) ဦး ကျဆုံးပြီး သေနတ်(၁) လက်ကို ရထားတယ်လို့ စစ်တပ်ထောက်ခံချန်နယ်တွေက ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုဝင်တဦးက ” ဟုတ်ပါတယ်။ စစ်တပ်ဘက်ကလည်း ၇ ဦးသေတယ်လို့ ကျနော်တို့သိထားတယ်။ တော်လှန်ရေးတပ်တွေဘက်ကတော့ ပူးပေါင်းအဖွဲ့တွေလို့ပဲ ကနဦးသိထားပါတယ်” လို့ ဒို့ပြည် ကို ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် မနက်က ရန်ကုန်-ပြည်ကားလမ်း မှာ ယာယီပိတ်ဆို့သွားတယ်လို့ ခရီးသွားတွေက လူမှုကွန်ရက်မှာ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရန်ကုန်-ပြည် ကားလမ်း၊ မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာအနီး စစ်ကွင်းတာဆုံ တိုက်ပွဲမှာ ဗိုလ်ကြီးအပါအဝင် စစ်တပ်ဘက်က (၁၀) ဦးကျော် သေဆုံးခဲ့ပါသေးတယ်။

ပုံစာ-တိုက်ပွဲဖြစ်ပွားခဲ့ချိန် ရန်ကုန်-ပြည်ကားလမ်း မှာ ပိတ်ဆို့နေတဲ့ ခရီးသွားကားတွေ-(ဓါတ်ပုံ-လူမှုကွန်ရက်က ကူးယူဖော်ပြထားပါတယ်)

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- tiktok.com/@dohpyaynews

You may also like these