ပေါက်ခေါင်းမှာ စစ်ကောင်စီ ၂ ရက်ဆက်မီးရှို့ မိုးရေထဲစစ်ရှောင်တွေတိုးလာ (ရုပ်သံ)

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့နေတာ ၂ ရက်မြောက်ဖြစ်လာပြီလို့ သိရပါတယ်။

အဲဒီလိုမီးရှို့ဖျက်ဆီးနေတာဟာ ယမန်နေ့ မေလ ၂၉ ရက်နေ့ နံနက် ၈ နာရီကတည်းက ဖြစ်ပြီး ကွမ်းအုံစု နဲ့ အိုင်ဇောက် ရွာတို့ကို မီးရှို့ခဲ့တာဖြစ်ပြီး ယနေ့ မေလ ၃၀ ရက်နေ့မှာတော့ အိုင်ဇောက်ရွာအပြင် သဖန်းကိုင်း၊ မြေနီကျော၊ တောင်ကံကလေး၊ ဒလမဲ ရွာတို့ကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မှုတွေရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို ဒရုန်းတွေ ဂျန်မာ(Jammer)စက် တွေလည်း ပါလာတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီဒေသတဝိုက်ကနေ ပြန်လည်ထွက်ခွါတာမရှိသေးဘဲ စစ်ကြောင်းထိုးလှည့်လည်နေတဲ့အတွက် မီးလောင်နေအိမ်တွေကို ငြိမ်းသတ်နိုင်တာမရှိဘဲ အဝေးကနေ ထိုင်ကြည့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေက အိမ်ခြေစာရင်းတွေကို ရွာနားကပ်မရတဲ့အတွက် အတိအကျမသိရသေးသလို စစ်ရှောင်အရည်အတွက်ကလည်း တိုးလာနေပြီး လူဦးရေ ၅ ထောင်ဝန်းကျင်ရှိကာ မိုးရွာတဲ့အတွက် နေထိုင်ရေးခက်ခဲသလို စားသောက်ရေးလည်း ခက်ခဲနေကြတယ်လို့ ပြောပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
#ဒို့ပြည်
#ပဲခူးရိုးမ #ပြည်ခရိုင် #ပေါက်ခေါင်းမြို့နယ် #ကွမ်းအုံစုရွာ #စစ်ကောင်စီ #စစ်ရှောင် #လူထု #သတိပြုပါ #မျှဝေပါ #Jammer

You may also like these