ပြည်မြို့ အနီး ရစ်(ခ်)တာစကေး (၄.၅) အဆင့် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

🟥 ဘတ်ရဲမှာ လှုပ်ခတ်မှုကို သိသာစွာခံစားခံရတယ်လို့ဆို

ဇွန် ၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် ရဲ့ အနောက်ဘက် ၁၁ မိုင်ခန့်အကွာမှာ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီမိုး/ဇလ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၄၄ မိနစ်ခန့်က ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၉၀) ခန့်ကွာဝေးတဲ့ မြောက်လတ္တီတွဒ် (၁၈.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅) ဒီဂရီ၊ အနက် (၇၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှား သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလှုပ်ခတ်မှုကိုတော့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ဘတ်ရဲမြို့မှာ အနည်းငယ်သိသာစွာ ခံစားခဲ့ရတယ်လို့ ဒေသခံတဦးကလည်း မှတ်ချက်ပြုထားပါတယ်။

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Tiktok- https://www.tiktok.com/@dohpyay
Telegram- t.me/dohpyay
#ဒို့ပြည်
#ငလျင် #မိုးလေဝသသတင်း #ပြည်ခရိုင် #လူထု #သတိပြုပါ #မျှဝေပါ #သဘာဝဘေးအန္တရာယ်

You may also like these