စစ်ကောင်စီတပ်က ပေါင်းတည်၊ ရုပ်ဆိုင်ရွာကိုမီးရှို့ပြီး ဒေသခံ ၂၀ ကျော်ကိုဖမ်းခေါ်သွား

ဇွန် ၁၄၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် အပိုင်က ရုပ်ဆိုင်ရွာကို စစ်ကောင်စီက ယနေ့ ဇွန်လ ၁၄ ရက် နံနက်ပိုင်းက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ခါင်းအပိုင် ကျောက်တွင်းရွာက အင်အား(၇၀) ခန့်နဲ့ ထပ်မံစစ်ကူလာတဲ့ အင်အား(၁၂၀) ခန့်ဟာ ပေါင်းတည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ရုပ်ဆိုင်ရွာကို ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က မီးရှို့ခဲ့တာလို့ သိရပါတယ်။

“ရုပ်ဆိုင်ရွာကပေါက်ခေါင်းနဲ့ ပေါင်းတည်အစပ်ရွာပေါ့ ရိုးခြေကရွာတွေပါ။ အခုမနက်ပိုင်းမီးရှို့သွားတာပါ။ ဖမ်းခေါ်သွားတာက လူ ၂၀ ကျော်တယ်” လို့ ဒို့ပြည်ရဲ့ စစ်ရေးရင်းမြစ် က ပြောပါတယ်။

မီးရှို့ခံရတဲ့အတွက် နေအိမ် ၂၂ လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး ဖမ်းဆီးခံရတဲ့ လူ ၂၀ ရဲ့ အသေးစိပ်အချက်အလက်ကိုတော့ ဒို့ပြည် က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းကတော့ လာရာလမ်းအတိုင်း ကျင်းကန်ကြီးရွာဘက်ကို ထွက်ခွါသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါက်ခေါင်းမြို့နယ်နဲ့ ပေါင်းတည်အစပ် ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေအိမ်မီးရှို့တာ၊ လူတွေကိုပစ်ခတ်သတ်တာနဲ့ ဖမ်းဆီးတာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

ပုံစာ-ရုပ်ဆိုင်ရွာ မီးရှို့ခံနေရတာကို အဝေးကမြင်ရစဉ်
#ဒို့ပြည်

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။

@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ပဲခူးရိုးမ #ပေါင်းတည် #ရုပ်ဆိုင်ရွာ #စစ်ကောင်စီတပ် #ပေါက်ခေါင်းမြို့နယ် #လူထု #သတိပြုပါ

 

You may also like these