

ဇွန် ၁၈၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီး လူသားဒိုင်းပြုလုပ်ကာ အောက်ပြန်ဆင်းလာတဲ့ စစ်ကောင်စီအင်အား(၁၀၀) ပါ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းကို ဗျူဟာအမှတ်(၂၁) လက်အောက်ခံ ၃၆၀၁ တပ်ရင်း Sniper အဖွဲ့နဲ့ တပ်ရင်းစစ်ကြောင်းက ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီထိုးမှာ စတင်တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲဟာ ၃ နာရီကြာမြင့်ခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း ဆီက သိရပါတယ်။
“အခုစစ်ကြောင်းက အရင်တိုက်ခိုက်ခံရတဲ့စစ်ကြောင်းမဟုတ်ဘူး။ နောက်မှအင်အားထပ်ဖြည့်ပြီး ထပ်တက်လာတဲ့စစ်ကြောင်းအသစ်ပေါ့နော်။ လူသားဒိုင်းလုဖမ်းလာတာက လူ ၂၀ ကျော်တယ်” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ဒို့ပြည် ကိုပြောပါတယ်။
အဲဒီဖမ်းဆီးလာတဲ့ လူတွေကိုတော့ ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့က ပြန်လည်လွတ်ပေးလိုက်ပြီလို့ ဆက်ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေဟာ Sniper ပစ်ခတ်ခံရတဲ့အတွက် ၁ ဦးနဲ့ အခြားလက်နက်တွေနဲ့ ပစ်ခတ်ခံရလို့ သေဆုံးသူ ၃ ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ နွားသိုးရွာနဲ့ နွေးတောင်ရွာရှိ နေအိမ် ၉ လုံးနဲ့အတူ မီးတင်ရှိ့ပြီး ပဲခူးရိုးမထဲ ပေါက်ခေါင်းနယ်ဘက်ကို ထွက်ခွါသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကလည်း ရုပ်ဆိုင်ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့တာမှာ နေအိမ်(၂၆) လုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
@Doh-Pyaynews (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
YouTube- https://www.youtube.com/
Tiktok- https://www.tiktok.com/@dohpyay
#ပဲခူးတိုင်း #ပဲခူးရိုးမ #ပြည်ခရိုင် #ပေါင်းတည်မြို့နယ် #စစ်ကောင်စီစစ်ကြောင်း #၃၆၀၁တပ်ရင်း