

🟥 ၂ ပတ်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲ ဖြစ်တယ်လို့ဆို
ဇွန် ၂၀၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကဦးဆောင်ပြီး မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက်၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ယနေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည်မှာပဲ သတင်းထုတ်ပြန်ပါတယ်။
အဲဒီစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတတိုက်ခိုက်မှု အကြိမ် ၂၀၀ အထိ ပြုလုပ်ခဲ့ပြီး ဗုံးသီး ၅၀၀ ကျော်ကြဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို ပစ်ကူပေးနေတဲ့ လေယာဉ်တွေထဲက F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကိုတော့ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ PLA က ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကန့်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်) မှာ တည်ရှိပြီး အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် (ကပစ ၂၄) တည်ရှိသသလို ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ကာ ဘန်ကာ၊ မိုင်းကွင်း၊ ကတုပ်ကျင်းတွေနဲ့ ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတခုလည်း ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစုတို့ကလည်း မဟာမိတ်ကောင်းပီသစွာ ပူးပေါင်းတို-က်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/ (YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#စစ်ကိုင်းတိုင်း #ပုလဲ #ကန်ဒေါင့်ရဲစခန်း #PLA #ABSDF #BLDF #ကျားသစ်နက်တပ်မတော် #ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ #အညာမြေတပ်ပေါင်းစု #ကပစ #လေယာဉ် #ပျူစောထီး