လက်ပံတန်း၊ ရေငံရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

 

ဇွန် ၂၁၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာရှိတဲ့ ရေငံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်က သာယာဝတီခရိုင်ပကဖ အမှတ်(၁) တိုက်ခိုက်ရေးတပ်ဖွဲ့(ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့)၊ သာယာဝတီခရိုင် အမှတ်(၂) တပ်ရင်း တပ်ခွဲ(၂) တပ်ခွဲ(၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား(၅) ဦးသေဆုံးပြီး ဒဏ်ရာရာသူများပြားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသမှာ စစ်ကောင်စီက အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် စစ်ရေးဖြစ်ပွားရာနေရာတွေကို ပြည်သူတွေအနေနဲ့ မသွားကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay
#သာယာဝတီ #လက်ပံတန်း #ပဲခူးရိုးမ

You may also like these