အရေးပါတဲ့ ပေါက်ခေါင်း-အုတ်တွင်းအဝေးပြေးလမ်းကို စစ်တပ်က ဖျက်ဆီးပြီး ဆက်သွယ်ရေးဖြတ်တောက်

ဇူလိုင် ၁၊ ၂၀၂၅။

ပဲခူးရိုးမကိုဖြတ်သန်းကာဖောက်လုပ်ထားတဲ့ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ အဓိကအဝေးပြေးလမ်းမကြီးကို စစ်ကောင်စီတပ်ဖွဲ့တွေက စက်ယန္တရားတွေနဲ့ဖြတ်တောက်လိုက်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီ ကသိရပါတယ်။

အဲဒီအဝေးပြေးလမ်းပေါ်မှာရှိတဲ့ ပေါက်ခေါင်းအပိုင် နီပါးဆေးရွာ နဲ့ တောင်လည်ရွာကြား ဂွေးပင်ကုန်းနေရာ ကို ဇွန်လ ၃၀ ရက်နေ့ ၆ နာရီခန့်က ဖျက်ဆီးပြီး ယနေ့ ဇူလိုင်လ ၁ ရက်၊ ၁၁ နာရီမှာတော့ စမ်းကုန်းကျေးရွာ နဲ့ ကြို့ကုန်းကျေးရွာကြားကို ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

“တောင်လည်ထိပ် ဂွေးပင်ကုန်းလို့ခေါ်တဲ့နေရာရွာတော့မဟုတ်ဘူး ဘတ်ဟိုးနဲ့ကုတ်တာ ညောင်ဝန်းဘက်ကို ရိက္ခာဖြတ်တောက်ဖို့လို့ ပြောတာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီဖျက်ဆီးမှုကိုတော့ တောင်လည်တာဝါတိုင်ရဲကင်းက ဗိုလ်ကြီးအောင်မြင့်မြတ် နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကျော်ကဦးဆောင်ပြီး လုပ်ဆောင်နေတာလို့ သိရပါတယ်။

“ဒီလမ်းပိုင်းကိုဖျက်ဆီးခဲ့တဲ့အတွက် ကြားရွာတွေဖြစ်တဲ့ နီပါးဆေး၊ ညောင်ဝန်း၊ ပေါ်လံကြီး၊ ဘော်ဒါ နဲ့ ရိုးတွင်းမှာရှိတဲ့ ကျန်မာရေး၊ ပညာရေးနဲ့ လူမှုရေးအခက်ခဲရှိနိုင်တယ်။” လို့ ပြည်ခရိုင် ၃၆၀၂တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော် Red Star က ဒို့ပြည်ကို ပြောပါတယ်။

ဒီလုပ်ရပ်က ပဲခူးရိုးမထဲက တော်လှန်ရေးအင်အားစုတွေ ကို ဆက်သွယ်ရေးနဲ့ရိက္ခာသယ်ယူရေးတွေကို ဖြတ်တောက်ချင်တဲ့ ရွယ်ရွယ်ချက်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အုတ်တွင်းမြို့နယ်အပိုင်၊ တောက်တဲ့ ဘက်ခြမ်းမှာလည်း လမ်းပိုင်းကို ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

“စားဝတ်နေရေး စားသောက်ကုန်နဲ့ ဆေးဝါး ကလေးတွေ ကျောင်းသွားဖို့ကအစခက်သွားတယ်။” လို့ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေကို မီးရှို့တာတွေကို လုပ်ဆောင်နေပါတယ်။

#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

You may also like these