

(ရုပ်/သံ)
ဇူလိုင် ၂၂၊ ၂၀၂၅။
“စနစ်ဟောင်းအတိုင်းသွားနေမယ်ဆိုရင် ဘယ်လောက်ပဲ ရွေးကောက်ပွဲအကြိမ်ပေါင်းများစွာ လုပ်နေပါစေ သိကြားမင်းကိုယ်တိုင်ဒိုင်လူကြီးလုပ်ပါစေ ဘယ်လိုပြောမလဲ စစ်မှန်တဲ့ရွေးကောက်ပွဲမဖြစ်ဘူး ဒီလိုပြောခြင်းကြောင့် တဖက်လူကနားခါးမယ်” လို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်မှာရှိတဲ့ DKBA ဗဟိုဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်ခဲ့ပြီး အခုလိုပြောဆိုခဲ့တာပါ။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ထဲမှာ ပြုလုပ်မယ်လို့ ဆိုထားပြီး နေ့ရက်အတိအကျကို ထုတ်ဖော်ပြောတာမျိုး မရှိသေးပေမဲ့ မဲပေးစက်အသုံးပြုနည်းသင်တန်းတွေကိုတော့ အခြေခံပညာကျောင်းတွေက ဆရာ/ဆရာမတွေကို ပို့ချပေးနေပြီဖြစ်ပါတယ်။
ရုပ်သံရိုက်ကူးသူ-Aung Aung
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/(YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay