“ပညာမရှိသူ၏- ဝန်ကြီး”

(သရော်စာ)

ဩဂုတ် ၃၊ ၂၀၂၅။

ဇေယျတုတို့မြန်မာ့ရုပ်သံမယ် တခေတ်တခါတုန်းဆီက သွားတိုက်ဆေးကြော်ငြာလေးတခုကြည့်ဖူးတယ်။ “၆ လစာ ပေးပါ”ဆိုတဲ့ပြကွက်လေး။အမှန်မတော့ လေဆာ သွားတိုက်ဆေးကြော်ငြာကို စာဖတ်ရှန်းတဲ့ကလေးက”၆ လစာ”လို့ဖတ်ချလိုက်တယ်ပေါ့နော။

အခုလည်း “၆ လစာ”သက်တမ်းတိုးလေ့ရှိတဲ့ စကစအဖွဲ့ကြီးကတော့ဖြင့် သက်တမ်းတိုးအစီအစဥ်ကိုစခန်းချုပ်ပြီး သကာလ အရမ်းရှုပ်တဲ့အပြောင်းအလဲကြီးတွေကို ၃၁ ဇူလိုင် မယ်လုပ်ဆောင်လိုက်ပါသဗျာ။ “အရမ်းရှုပ်”ဆိုသဟာကတော့ဖြင့် သူရို့ဖာနင် အရမ်းလုပ်ပြီး၊ သူရို့ဖာနင်အရမ်းရှုပ်သွားခြင်းရယ်ပါလေ။ တိုင်းသားပြည်သူဆိုသူများကတော့ဖြင့် မအလကြီးများရဲ့ပွဲကိုကြည့်ရင်း”ဝိုင်းဟားညီတူ”ဖြစ်ခဲ့ရပါကြောင်းပေါ့လေ။

လူရွှင်တော်တွေ ပျက်တဲ့ပျက်လုံးခွင်တစ်ခု သတိရသေးသပ။ မုဆိုးမသားအမိ၂ယောက်ရှိတယ်။ ညီအကို ၂ယောက်နဲ့ ကြိုက်ကြတယ်။ ညီက အမေနဲ့ကြိုက်၊ အကိုကသမီးနဲ့ကြိုက်။ ပြီးတော့ ကလေးတွေရ။ ရတဲ့ကလေးတွေကို အမျိုးစပ်ခိုင်းတဲ့ပျက်လုံးခွင်။ နောက်ဆုံးကျ “မသိဘူးကွာ မင်းတို့ ာ မျိုးတွေ”ဆိုပြီး ပိတ်သွားပျက်လုံးခွင်။ အခုလည်း မအလတို့လုပ်လိုက်ရင် သောက်ဆန်းကြီးပဲ။

မအလ တို့က စကစ ဆိုတာကြီးဖျက်သိမ်းပြီးနောက် ထပ်အသစ်ထပ်ဖွဲ့တဲ့ အစိုးရအဖွဲ့တဲ့။ အမိန့်ကြေငြာချက်ဘာညာဘာညာနဲ့ ထွက်ချလာလိုက်တာ၊ အဟေးဟေး ပညာရေးဝန်ကြီးဌာနပါမလာဘူး။

မအလ ကြီးတစ်ယောက် မကြာမတင်တုန်းကပဲ ပြင်ဦးလွင်ဘက်က စာသင်ကျောင်းတွေမှာ ပညာရေးကအရေးကြီးကျောင်း၊ ပညာမတတ်လို့ အမှားအမှန်မခွဲခြားတတ်ကြပဲ၊ အခုလိုအကြမ်းဖက်အလုပ်တွေလုပ်ကြတာ ဘာညာပေါ့လေ၊ မြင်းအီးပေါက်ခဲ့သေးတာသတိရသေး။ဟော အခုကျတော့ မအလကြီးကိုယ်တိုင် ကာချုပ်၊ ယာယီသမ္မတ၊ ကော်မရှင်အုပ်ကြီးလုပ်ပြီးဖွဲ့ပေးလိုက်တဲ့ အစိုးရဆိုတဲ့ဟာရီးမှာ ပညာရေးဝန်ကြီးဌာန မပါတာကြီးကတော့ဖြင့် ပသို့ဖြစ်ရပါချိမ့် မအလ လို့မေးရပေလိမ့်မည်ပေါ့လေ။

ဘာတဲ့ စကစ နူတ်ဆက်ပွဲမှာ ပထမစာမျက်နှာကအဆုံးသတ်သွားပြီ။ ဒုတိယစာမျက်နှာကို လက်ရေးလှလှနဲ့ ဆက်ရေးကြပါစို့ဟုတ်စ မအလ။ စာမတတ်ဘူး လက်ရေးချောတယ် ဆိုတာမျိုးလား မအလရယ်။ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိူင်ငံတော်သစ်ဆီသို့ ဆိုတဲ့ ဆိုင်းဘုတ်စိမ်းကြီးကို”ရှူး”နဲ့ ကော့ပန်းလေရော့သလား မအလကြီးရယ်။ ပညာမြင့်မှလူမျိုးတင့်မယ်တို့၊ ပညာရေး ဝေးသည် မရှိတို့ကြွေးကြော်သံတွေ အားနာစရာကောင်းပါဘိ။

အလွတ်တန်းမီဒီယာတွေကသာ ဝိုင်းထောက်မပြရင်၊ အနှီပညာရေးဝန်ကြီးဌာနကြီးအခုထိတောင် မပါဝင်လောက်သေးဘူး။ ပညာလူ့အဖွဲ့အစည်းကာလကြီးမှာများ “ပညာရေးဝန်ကြီးဌာန” ကို ဖြည့်စွက်စာလိုမျိုး ထပ်ဖြည့်ရတဲ့အစိုးရအဖွဲ့။ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်သင့်လှပါ၏လေ။

စာမျက်နှာသစ်ကို လက်ရေးလှလှနဲ့ရေးမယ့် မအလ ကြီးတို့က အခု ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဆိုတော့ကာ၊ ပစ်မယ်ကြဲမယ် တဝဲလည်လည်ပေါ့။

အဲဒီတော့ မအလ ကြီးရေ။ စစ်ကောင်စီကနေပြီး ဘာကြီးပြောင်းပြောင်းအနှစ်သာရကမှမပြောင်းတော့ကာ၊ ဖက်ရွက်နဲ့ထုပ်ထုပ်၊ ပိုးပဝါနဲ့ထုပ်ထုပ် “ချီးထုပ်”က” ချီးထုပ်” ပါပဲလေ။

ရေးသားသူ-ဇေယျတု
သရုပ်ဖော်-ညိုမြ

ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- https://www.youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- https://dohpyay.com/
Telegram- t.me/dohpyay
Tiktok- https://www.tiktok.com/@dohpyay

 

You may also like these